
ရေနွေးကြမ်း သောက်ခြင်းအားဖြင့် လန်းဆန်း တက်ကြွလာပြီး စိတ်ညစ်ခြင်း ၊ စိတ်ဓာတ် ကျခြင်းများကိုလည်း ပြေပျောက်စေနိုင် ပါသည် ။
ရေနွေးကြမ်း သောက်ခြင်းအားဖြင့် လန်းဆန်း တက်ကြွလာပြီး စိတ်ညစ်ခြင်း ၊ စိတ်ဓာတ်ကျခြင်းများကိုလည်း ပြေပျောက်စေနိုင်ပါ သည်။ အရွယ်ရောက်သူတိုင်းသည် တစ်နေ့ ကို ရေနွေးကြမ်း သုံးလေးခွက်ကို နေ့စဉ် သောက်သင့်ပါသည်။
တစ်နေ့ကို ရေနွေးကြမ်း သုံးလေးခွက် ပုံမှန်သောက်မယ်ဆိုရင် ရနိုင်တဲ့ အကျိုးကျေးဇူး တွေကတော့ -
၁။ Antioxidant Action ( အသက်ရှည် နုပျိုခြင်း )
၂။ Anti -cancer ( ကင်ဆာရောဂါကို ကာကွယ်နိုင်ခြင်း )
၃။ Cholesterol lowering ( အဆီများ ချပေးခြင်း )
၄။ Protect cardiovascular diseases ( နှလုံး နှင့် သွေးကြော ရောဂါများမှ ကာကွယ်ပေးခြင်း )
၅။ Promoter dental health ( သွားနှင့် သွားဖုံး ကျန်းမာရေးကို အထောက်အကူ ပြုခြင်း )
၆။ Improve from diabetes mellitus ( ဆီးချို သွေးချို ရောဂါကို သက်သာစေခြင်း )
၇။ Anti-inflammatory action ( အရောင်ကျစေခြင်း )
၈။ Hepatoprotection ( အသည်းလုပ်ငန်း ဆောင်တာ မှန်ကန် ကောင်းမွန်စေခြင်း )
၉။ UV protection ( ခရမ်းလွန်ရောင်ခြည်ဒဏ်မှ ကာကွယ်ပေးခြင်း )
တို့ပဲ ဖြစ်ပါတယ် ။
ထမင်းစား နေစဉ်သို့ ထမင်းစားအပြီး ၊ အစားအသောက်များ စားအပြီးတိုင်းတွင် ရေအေးအစား ရေနွေးကြမ်းကို သောက် သုံးခြင်းဖြင့် ကျန်းမာရေး နှင့် ညီညွတ်စေပါသည် ။
ဒေါက်တာ ခင်မောင်လွင် ( FAME )